Analog CCTV System
- SMART X Myanmar
- Aug 18, 2022
- 1 min read
ကျွန်တော်တို့ Analog CCTV System တစ်ခုကို အိမ်တစ်အိမ်အတွက် တပ်ဆင်မယ်ဆိုပါစို့
ပုံမှန်အားဖြင့်တော့ Analog CCTV System များမှာ ပါဝင်တဲ့ အဓိက ပစ္စည်းတွေကတော့ −
(၁) DVR (digital video recorder) မှတ်တမ်းတွေသိမ်းဆည်းရန်နှင့် ပြန်လည်ကြည့်ရှူရန် အတွက်လိုအပ်သော စက်ပစ္စည်း ဟုမှတ်သားပေးပါ 4Channel, 8Channel , 16Channel နှင့် 32Channel အစရှိသဖြင့် ခွဲခြားထားပါတယ်
(၂) Hardisk (DVR စက်ထဲတွင်တပ်ဆင်အသုံးပြုသည်) မှတ်တမ်းသိမ်းဆည်းရန် လိုအပ်သော ပစ္စည်းဖြစ်ပါတယ် သိမ်းဆည်းနိူင်အား 1TB 2TB 3TB 4TB 6TB အစရှိသဖြင့်ဝယ်ယူနိူင်ပါတယ် ကင်မရာအလုံးရေနှင့် လိုချင်သော ရက်ပေါင်းပေါ်မူတည်ပြီးတပ်ဆင်ရတာဖြစ်ပါတယ်
(၃) Power Supply (Camera များသည် DC12V Low Voltage ဖြစ်သည့်အတွက် AC 220 မှ DC သို့ပြောင်းလဲပို့ဆောင်ပေးသော ကင်မရာများကို ပါဝါပေးသော ပစ္စည်းဖြစ်ပါတယ်) 5A 10A 15A 20A 30A အမ်ပီယာ များ နဲ့ ဝယ်ယူရရှိနိူင်ပါတယ်
(၄) Cable (Camera များကို DVR (data) နှင့် Power Supply သို့ ချိတ်ဆက်တပ်ဆင်သော ကြိုး) ကြိုးအမျိုးစားတွေကတော့ လက်ရှိကာလမှာ အများသောအားဖြင့် နီးစပ်သောနေရာများအတွက် Network Cable CAT-6 Twisted Pair များကို အသုံးပြုကြပါတယ် မီတာ၁၀၀ နှင့်အထက် ဝေးလံသော နေရာများ အတွက်ကိုတော့ RG-6 Data+Power ကြိုးများကို အသုံးပြုကြပါတယ်)
(၅)Data Connector(Video Balun or BNC) + Power Connector (DC Connector) Cable များကို Camera နှင့် ချိတ်ဆက်ရာတွင် အသုံးပြုပါတယ်
(၆) CCTV Camera (Indoor သို့မဟုတ် Outdoor)
(၇) Junction Box (PVC or Metal) Data Connector + Power Connector များကို ပြင်ပတပ်ဆင်မှုတွေမှာ ရာသီဥတုဒဏ်မှခံနိူင်ရည်ရှိရန် နှင့် အလွယ်တကူ မဖြုတ်ယူနိူင်ရန် အသုံးပြုကြပါတယ်
ဒီ ပါဝင်ပစ္စည်းတွေကတော့ မပါမဖြစ်ပါဝင်ရမယ့်ပစ္စည်းလေးတွေဖြစ်ပါတယ် လက်ရှိမှာတော့ Cable များကို PVC pipe/ trunking များဖြင့် ထည့်သွင်းအသုံးပြုတပ်ဆင်ကြသလို Cable ကြီးသီးသန့်တပ်ဆင်မှုများလဲရှိပါတယ်
ဒါကတော့တပ်ဆင်သူက မိမိ တို့လိုအပ်မှသာလျင်တပ်ဆင်ကြသလို တပ်ဆင်သူများအနေနှင့်လဲ ကြာရှည်ခံနိူင်ရန် တပ်ဆင်ဖို့ အကြံပေးသင့်ပါတယ် တပ်သည် မတပ်သည် အသာထားပါ ပြောဖို့ကတာဝန်ရှိပါတယ် ဟုတ်ကဲ့ အောက်မှာပုံလေးနဲ့ရှင်းပြပေးထားပါတယ်
ကြည့်ရှူလေ့လာပေးကြပါ ဝယ်ယူသူများအနေနဲ့ သိရှိဖို့လိုအပ်ပါတယ် ဒါမှမိမိဝယ်ယူထားသော CCTV System များဟာလဲ Safe Security ဖြစ်မှာပါ တပ်ဆင်ရန်လေ့လာနေသူများအနေဖြင့်လည်း အခြေခံလိုအပ်ချက်များကို သိရှိဖို့လိုပါတယ်
NAY LIN SI THU (SMART X)















Comments