top of page

CCTV တပ်ဖို့စဉ်းစားနေပါသလား ?

ကျွန်တော်တို့နိုင်ငံမှာ CCTV လုပ်ငန်းဟာ အခုဆို များစွာ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လာကြသလို တပ်ဆင်သူ များလဲ ယခင်ကထက်ပိုပြီး တပ်ဆင်လာကြပါတယ် အဖွဲ့စည်းတွေများလာပါတယ်

တပ်ဆင်သူများလာသလို လုပ်ငန်းအပ်နှံသူများလည်းများစွာ ရှိနေပါတယ် ဒီလိုတပ်ဆင် ကြတဲ့နေရာမှာ ကိုယ်တပ်နေတဲ့ ကင်မရာ ကိုယ်တပ်ထားတဲ့ကင်မရာ ရဲ့ အချက်လက် အားသာချက် အားနည်းချက်တွေကို သိထားဖို့လိုအပ်ပါတယ်

အခြေခံ အချက်လက်တွေ မသေချာ မရေရာ မသိပဲနဲ့ တပ်ဆင်ကြမယ်ဆို CCTV System ဆိုတာ အလဟသပ် ဖြစ်သွားမှာပေါ့ဗျ လုပ်ငန်းအပ်နှံသူများဆိုတာကလဲ ဗဟုသုတ ရှိနေဖို့လိုပါတယ် ဒါမှလဲ ကိုယ့်အိမ် ကိုယ့်လုပ်ငန်း အတွက် အထောက်ကူဖြစ်စေမှာပါ

တပ်ဆင်ပေးသူများအနေနှင့်လဲ ကိုယ်တပ်ပေးလိုက်တဲ့ ကင်မရာ ရဲ့လုပ်ဆောင်ပုံ တွေ အသိပညာ အတတ်ပညာများကို အကျဉ်းသဘောတရားလောက်ကို သေရှာရှင်းပြဖို့လိုအပ်ပါတယ်

တစ်ချို့သော လုပ်ငန်းအပ်နှံသူများဟာ နည်းပညာအခေါ်ဝေါ်တွေကို မသိကြပါဘူး နားမလည်ကြပါဘူး ဒါကြောင့် တပ်ဆင်သူအနေနှင့် မတပ်ဆင်ခင် သေချာရှင်းပြဖို့လိုအပ်ပါတယ် ပြီးပြီးရော ဒါနဲ့ဒါတပ် ရုပ်ထွက် လောက်နဲ့ တော့မလုပ်သင့်ပါဘူးဗျ Professional မကျရင်တောင်မှ အခြေခံ သဘောတရားအချက်လက်တွေနဲ့ ပြည့်စုံနေဖို့ လိုအပ်ပါတယ်

မီးသမားမီးသမားနဲ့ ခေါ်ဆိုနေတာလဲကြားရပါတယ် မီးသမားခေါ်တပ်ရင် System မကျဘူးပြောကြတယ် ဝါးလုံးရှည်နဲ့တော့ မရမ်းသင့်ဘူးပေါ့ဗျာ အချို့လည်း ပညာတတ်မြောက်လို့ လေ့လာထားပြီး တပ်ဆင်ပေးနေတာမျိုးတွေရှိပါတယ် တကယ်တော့ မီးသမားမှမဟုတ်ပါဘူး CCTV တပ်ဆင်ရေးအဖွဲ့စည်းအချို့မှာလဲ ဒါမျိုးလေးတွေရှိတတ်ပါတယ်

နောက်တစ်ခုကတော့ လုပ်ငန်းအပ်နှံသူပါ အချို့သော အပ်နှံသူများဟာ သူတို့ရဲ့ကုန်ကျစရိတ်ကိုလျှော့ချတဲ့အနေနဲ့ ဥပမာ Promo CCTV Package တွေ၀ယ်ယူလာပြီး အနီးနားရှိ မီးသမားအချို့ကို ခေါ်ယူတပ်ဆင်ကြပါတယ် သဘောတရားနားလည်ရင်တော့ အဆင်ပြေတာပေါ့ဗျာ ဒါနဲ့ဒါတပ် အဆင်ပြေတယ် သုံးလို့ရတယ်လောက်နဲ့တော့ ရေရှည်ဘယ်ခံမလဲဗျ ပါသင့်ပါအပ် လုပ်သင့် လုပ်အပ် တာလေးတွေရှိတာသိစေချင်ပါတယ်ဗျ

အမြင်နဲ့သိ အမြင်နဲ့တတ်လာတဲ့အခါကြတော့ အခြေခံ တွေ လျစ်လျူရှူလာကြတယ် အလွယ်မှတ် အလွယ်တတ်ဆိုတဲ့ နေရာကနေရုန်းထွက်ဖို့ လိုပါတယ် နည်းပညာဆိုသည်မှာ ခက်ခဲနက်နဲပါတယ် အခြေခံသဘောတရား တွေမသိရင် အချိန်မရွေးလေ့လာပါ သုံးသပ်ပါ လက်တွေ့အသုံးချသင့်ပါတယ်ဗျ

လုပ်ငန်းအပ်နှံသူများအနေနဲ့လည်း ကိုယ်တပ်ဆင်မည့် CCTV သည်ကိုယ့်လုံခြုံရေး ကိုယ့်ကိုယ်ပိုင်အချက်လက်တွေအတွက် လုံခြုံဖို့နဲ့ မှတ်တမ်းယူထားဖို့ ရာ တပ်ဆင်တာ ဖြစ်တဲ့အတွက် ရေရှည်ခံနိူင်ဖို့ နည်းစနစ်ကျဖို့ ဦးစားပေးစဉ်းစားသင့်ပါတယ်

မိမိတို့တတ်နိူင်တဲ့ Budget နဲ့လောက်အောင် တပ်ဆင်သူများကို တွက်ချက်ခိုင်းနိူင်ပါတယ် ဒါမှလဲ စနစ်ကျကောင်းမွန်တဲ့ CCTV System တစ်ခုဖြစ်လာမယ်လို့မျှော်လင့်မိပါတယ်

NAY LIN SI THU (SMART X)

ree

 
 
 

Comments


© 2026 By Smart X (Peace Of Mind) Company Limited

  • Facebook
  • Youtube
bottom of page