top of page

IP CCTV System မှာ Built In POE ပါဝင်တဲ့ NVR တွေမှာတော့ တပ်ဆင်ရတာ ရိုးရှင်းပါတယ် >>>>>


ree

IP CCTV System မှာ Built In POE ပါဝင်တဲ့ NVR တွေမှာတော့ တပ်ဆင်ရတာ ရိုးရှင်းပါတယ် လုံးဝ Plug and Play ပါပဲ ဒါပေမဲ့ Camera နှင့် NVR Brand တူတူ အမျိုးစားတူဖြစ်ဖို့လိုပါတယ် Protocol တူဖို့လိုပါတယ် အဲလိုတူမှသာလျှင် Plug and Play ြဖစ်မှာပါ Camera တွေကို Power+Data POE Network Port မှာ ထိုးလိုက်တာနဲ့ အလိုအလျှောက်ထိုးလိုက်တဲ့ Port မှာတက်လာမှာပါ ဥပမာ Port 1 မှာထိုးလိုက်မယ်ဆို Channel 1/Camera 1 မှာ ရုပ်ပေါ်လာမှာပဲဖြစ်ပါတယ်

ရုပ်ပေါ်လာတာနဲ့တပြိုင်နက် Auto Record လုပ်ပေးမှာပဲဖြစ်ပါတယ် တစ်ခုတော့ရှိတာပေါ့ Hardisk ရှိနေဖို့လိုတာပေါ့ ဆယ်စုနှစ်အနည်းငယ်က စက်တွေမှာတော့ NVR တွေမရှိခင် PC တွေ Network Switchတွေ Power Supply တွေနဲ့အသုံးပြုခဲ့ရတာပါ ရှုပ်ထွေးလွန်းပါတယ် ယခုခေတ်မှာတော့ အလွယ်ကူတပ်ဆင်လို့ရတာ IP CCTV System ပါပဲ လွယ်တယ်ဆိုတာက Analog လို ကြိုးမရှုပ်လို့လွယ်တာလို့ပြောတာပါ တကယ်တမ်း IP System ရဲ့ Ability တွေကို အသုံးချဖို့က Networking နဲ့ Camera Setting တွေအကြောင်းကောင်းကောင်းသိဖို့လိုပါတယ်

Detail ကျကျ ချိန်ဆလို့ရသွားတဲ့ IP Camera တွေရဲ့ SetupတွေToolsတွေကိုသိရှိနေဖို့လိုပါတယ် Analog Camera တွေကို Version တွေ Upgrade လုပ်လို့မရပါဘူး ဘာဖြစ်လို့လဲဆိုတော့ Analog ဖြစ်နေလို့ပါပဲ IP Camera တွေကိုတော့ Version Upgrade လုပ်လို့ရပါတယ်

IP Camera တွေရဲ့မြင်ကွင်း View မှာ အဆင်းထခြင်း လှိုင်းဖြစ်ခြင်း အစက်ပြောက်ထခြင်းမျိုးတွေမရှိပါဘူး (0110010101010) Digital Signal ဖြစ်တဲ့အတွက်ပါ ကင်မရာ Lens ပျက်ခဲ့ရင်တော့ မြင်ကွင်းမှာ ကာလာအကွက်လေးတွေတော့ပေါ်တတ်ပါတယ်ဗျ IP Camera တွေက NVR နဲ့မှဟုတ်ပါဘူး ကိုယ်ရဲ့ PC သို့မဟုတ် Laptop တွေမှာပါ တစ်လုံးခြင်း Live View ကြည့်လို့ရပြီး Record ယူနိုင်ပါတယ် Back Up ယူနိုင်ပါတယ်

Customer တွေအနေနဲ့ကတော့ သူ့ရဲ့ Features တွေသိဖို့လိုပါတယ် Installer တွေအနေနဲ့ကတော့ Features တွေကော Specifications တွေ နှစ်မျိုးလုံး သိထားဖို့လိုအပ်ပါတယ်လို့ပြောပါရစေ

ဒီနေ့တော့ဒီလောက်ပါပဲဗျ ဆက်လက်ရေးသားပါမည်

NAY LIN SI THU (SMART X)


 
 
 

Comments


© 2026 By Smart X (Peace Of Mind) Company Limited

  • Facebook
  • Youtube
bottom of page