PABX ဆိုတာဘာကြီးလဲ ? (Customer Basic Knowledge)
- SMART X Myanmar
- Aug 18, 2022
- 2 min read

PABX ဆိုတာဘာကြီးလဲမေးရင် အလွယ်တကူပြောရမယ်ဆိုရင်တော့ဖြင့် တယ်လီဖုန်း အိတ်ချ်ချိန်း ကြီးပေါ့ဗျာ ဟိုးအရင့်အရင်ချိန်ခါက ဖုန်းဆက်ဖို့ကို လက်နဲ့လှည့်ခေါ်ရတယ် ပြီးတော့မှ အော်ပရေတာကို ဘယ်ကိုဖြင့်ခေါ်ပေးပါပေါ့ နောက်တစ်မျိုးကတော့ ဂဏန်းလေးနှိပ်လိုက်ရုံပါပဲ လက်လှည့်ပြီးခေါ်ရတဲ့အခါ မြန်မာ့ဆက်သွယ်ရေး အိတိချ်ချိန်းကအော်ပရေတာတွေဟာ ကြိုးတွေကို ဟိုဘက်လိုင်းကိုထိုးပေးလိုက် ဒီဘက်လိုင်းကိုထိုးပေးလိုက်နဲ့ Manual အလုပ်ကို လုပ်ပေးရတယ် ဒီဘက်ခေတ်မှာတော့ဖြင့် ဂဏန်းလေးနှိပ်လိုက်တာနဲ့ အလိုအလျောက်Automatic လိုင်းတွေ ကို အိတ်ချ်ချိန်းက ချိတ်ဆက်ပေးနေပြီပေါ့ဗျာ ဒီလိုမျိုး Automatic အလုပ်လုပ်ပေးတဲ့စက်ကြီးပေါ့ အဲတာကို PABX (Private Automatic Branch Exchange) လို့ခေါ်တယ်ဗျာ
ဥပမာအနေနှင့် ကျွန်တော်တို့ရုံးတစ်ရုံးမှာ မြန်မာ့ဆက်သွယ်ရေးက ရယူထားတဲ့ ၀၁ ဖုန်းများ နှင့် MPT,Ooredoo နှင့် Telenor (Mytel စာရင်းထဲမထည့်) အစရှိသော ၀၉ ဖုန်းများ ကို ရုံးအတွင်းမျှဝေသုံးစွဲရန်နှင့် ရုံးအတွင်း အချင်းချင်းဆက်သွယ်ပြောဆိုနိုင်ရန် PABX System ကို အသုံးပြုကြပါတယ်
ပင်မဖုန်းလိုင်းများ (၀၁,၀၉) တို့ကို PABX System မှာ CO (Central Office) Line များဟုခေါ်ဝေါ်သတ်မှတ်ပါတယ် (ဒီနေရာမှာကျွန်တော် Trunk တွေအကြောင်းနောက်မှရှင်းပြပါ့မယ်) CO Line များသည် အဓိက ဖုန်းအဝင်အထွက် များပင်ဖြစ်ပါတယ်
ဒီလို CO Line တွေကို ခွဲဝေသုံးစွဲနေတဲ့ ဖုန်းလိုင်းတွေကို Extension Line များဟုခေါ်ဝေါ်သတ်မှတ်ထားပါတယ် PABX System မှာ အဓိကအနေနှင့် Main Unit တစ်ခုပါ၀င်ပါတယ် Main Unit မှာတော့ သူရဲ့ Built In CO နှင့် Extension လိုင်းများပါ၀င်ပါတယ် သုံးစွဲမှုလိုအပ်ချက်အရ Line Card များထပ်မံထည့်သွင်းအသုံးပြုရတာပဲဖြစ်ပါတယ် တပ်ဆင်ရာMain Unit မော်ဒယ်လ်တွေအလိုက် ထည့်သွင်းရမယ့် Line Card တွေဟာလည်းကွဲပြားသွားမှာဖြစ်ပါတယ်
သုံးစွဲသူများအနေနှင့် မိမိတို့လိုအပ်နေတဲ့ အ၀င်အထွက်လိုင်း လိုင်းခွဲအရေအတွက်ပေါ် မူတည်ပြီး Budget များကွာြခားနိုင်ပါတယ် အဲဒီအတွက် ကျွမ်းကျင်သော Engineer များနှင့် ဆွေးနွေးတွက်ချက်နိုင်ပါတယ်
PABX Brand တွေအနေနဲ့ကတော့ Panasonic, NEC အစရှိတဲ့ Brand တွေအသုံးများကြပါတယ်
PABX တပ်မည်ဆိုပါက ၁.Main Unit PBX Machine (အထိုင်စက်)
၂.Operator Phone (Digital Key Phone) ကျွန်တော်တို့ Reception Counter များမှာ အများဆုံးတွေ့နိုင်ပါတယ် အချို့နေရများမှာတော့ HR Admin စတဲ့ Department တွေမှာထားကြပါတယ်
၃.Extension Phone(Single Line Phone) လိုင်းခွဲအသုံးပြုရန်တယ်လီဖုန်း
၄.Fax Phone
စတဲ့ ပစ္စည်းတွေရှိနေမှာဖြစ်ပါတယ်
Cabling အနေနဲ့ Drop Wire ,2 Pair Telephone Cable, 4Pair CAT5e,CAT6 Network Cable များအသုံးပြုကြပြီး Back Bone အနေနဲ့ 10 Pair, 20 Pair , 30 Pair, 40 Pair, 50 Pair, 100 Pair ,150 Pair စတဲ့ ကြိုးကြီးတွေအသုံးပြုကြပါတယ် (Pair Cable များအကြောင်းဆက်လက်ရေးသားပါမည်)
PABX System (Private Automatic Exchange System) ======================================== လိုင်းခွဲတယ်လီဖုန်း များစွာတပ်ဆင်နိူင်ခြင်း ပင်မလိုင်းအား မျှဝေသုံးစွဲနိူင်ခြင်း လိုင်းခွဲများအချင်းချင်း ခေါ်ဆိုခပေးဆောင်စရာမလိုသည့်အတွက် စရိတ်သက်သာခြင်း လိုင်းခွဲဖုန်းအရေအတွက် ပင်မလိုင်းအရေအတွက်အား လိုအပ်သလို အတိုးလျှော့ပြုလုပ်တပ်ဆင်နိူင်ခြင်း အော်ပရေတာဖုန်းများအားစီမံခန့်ခွဲ အသုံးပြုနိူူင်ခြင်း လိုင်းခွဲဖုန်းများမှ ပင်မလိုင်းကို အသုံးပြုပြီး ပြင်ပဖုန်းများသို့တိုက်ရိုက်ခေါ်ဆိုနိူင်သကဲ့သို့ ပြင်ပမှလည်း လိုင်းခွဲတယ်လီဖုန်းများသို့ အော်ပရေတာ အလိုလျောက်လမ်းညွှန်မှုအတိုင်း တိုက်ရိုက်ခေါ်ဆိုဆက်သွယ်နိူင်ပါတယ် လိုင်းခွဲတယ်လီဖုန်းများကိုလည်း ဖုန်းခေါ်ဆိုမှု ကန့်သတ်ချက်များ စီမံခန့်ခွဲနိူင်ပါတယ် လိုင်းခွဲဖုန်းများအနေနှင့်လည်း ပင်မဖုန်းလိုင်းနှင့် ပြောဆိုနေရာမှ အခြားလိုင်းခွဲဖုန်းများသို့ လွဲပြောင်းနိူင်ပါသည် Hotel Management Software များနှင့်လည်းချိတ်ဆက်ပြီး Hotel / Motel / Apartment များ၏ လိုင်းခွဲဖုန်းများကိုလဲစီမံခန့်ခွဲနိူင်ခြင်း PABX တွင် Billing System တပ်ဆင်ထားခြင်းဖြင့် တိကျသော ဖုန်းခေါ်ဆိုခများကိုလည်းသိရှိနိူင်ပါတယ် အချို့သော PABX များတွင် Wireless Cordless များအသုံးပြုခြင်းဖြင့် ကြိုးသွယ်တန်းရန်ခက်ခဲသော နေရာများအတွင် အဆင်ပြေစေပါတယ် Computer Telephony Integration Application များနှင့်လဲအသုံးပြုနိူင်ပါတယ် Call Center တစ်ခုအနေနှင့်လဲ အသုံးပြုနိူင်ပါတယ်
=========================================
PABX System ကို Office , Company,Apartment, Condominium, Hospital, Housing, Factory, Airport,Stations, Home, အစရှိတဲ့နေရာများ မှာ အသုံးပြုနေကြပါတယ် ခေတ်နဲ့အညီ ပြောင်းလဲလာသော အိုင်တီခေတ်မှာတော့ အင်တာနက်ကိုအသုံးပြုဆက်သွယ်ရသောVOIP တယ်လီဖုန်းစနစ်များ Call Center စနစ်များ အပြင် မိမိ မိုဘိုင်းလ် ဖုန်းအား လိုင်းခွဲဖုန်းတစ်ခုအနေနှင့် သယ်ဆောင်သွားနိူင်နေပါပြီ ယခုအခါမှာတော့ PABX System အား PBX System ဟူ၍လည်းပြောင်းလဲခေါ်ဆိုနေကြပါပြီ Smart ဖုန်းများလိုပဲ Smart PBX များထုတ်လုပ်လာတာာကြောင့်ဖြစ်ပါတယ် IP PBX များအဖြစ် အသွင်ပြောင်းလာကြပါတယ် IP PBX (VOIP နှင့် IP PBX များအကြောင်းဆက်လက်တင်ပြပါမည်) နိူင်ငံအနှံ့ မြို့အနှံ့ မှာ ရှိသော ရုံးခွဲများ စက်ရုံများ ဆေးရုံများ အလုပ်ရုံများ ကိုလည်း Network ချိတ်ဆက်မှုများမှတစ်ဆင့် တစ်စုတစ်စည်းတည်း ဖုန်းခေါ်ဆိုခများ မကျသင့်ပဲ ချိတ်ဆက်ပြောဆို ဆက်သွယ်လို့ရနေပါပြီ
NAY LIN SI THU (SMART X)


Comments