top of page

Panasonic KX-TES824 ဆိုတာကဘာလဲ?


ree

Pansonic ဆိုတာနဲ့ လူတိုင်းနီးပါသိကြပါတယ် ဘာကိုသိကြလဲဆိုတော့ လျှပ်စစ်ပစ္စည်းတော်တော်များများ ကို ထုတ်လုပ်ပေးနေတာရယ် အရည်အသွေးကောင်းလွန်းမှု တာရှည်ခံမှုတွေဟာ သုံးစွဲသူတိုင်း ပါးစပ်ဖျားမှာရေပန်းစားနေလို့ပါပဲ ဒီလိုကောင်းမွန်သော ပစ္စည်းတွေထဲက Panasonic KX-TES824 ဆိုတဲ့ တယ်လီဖုန်း အိတ်ချိန်း မော်ဒယ် တစ်ခုကို Panasonic ကနေထုတ်လုပ်ပေးခဲ့ပါတယ် ဒီ တယ်လီဖုန်းအိတ်ချိန်းဟာဆိုရင်တော့ ရုံးများ၊ စက်ရုံးများ၊ ကျောင်းများ၊ ဟိုတယ်၊ မိုတယ်၊ အိမ်များ၊ အစရှိတဲ့ အဆောက်ဦးနေရာတော်တော်များများမှာ ဆက်သွယ်ရေးအတွက် တပ်ဆင် အသုံးပြုလျက်ရှိနေပါတယ် ဒီ တယ်လီဖုန်းအိတ်ချိန်းဟာဆိုရင်တော့ အလွယ်တကူ မှတ်သားရမည်ဆိုပါက သူ့ရဲ့မော်ဒယ် ရှေ့က 8သည် ဖုန်းလိုင်းအဝင်အထွက် ၈လိုင်း နောက်က 24သည် လိုင်းခွဲဖုန်း ၂၄လိုင်း 8 24 ဟုမှတ်သားထားနိူင်ပါတယ် ဒီ တယ်လီဖုန်းအိတ်ချိန်းဟာဆိုရင်တော့ ဖုန်းလိုင်းအဝင်အထွက်CO ၈ လိုင်း နှင့် Extension လိုင်းခွဲဖုန်း ၂၄ လိုင်း အများဆုံးတပ်ဆင်နိူင်ပါတယ် သူ့ရဲ့Main Unit မှာကတော့ ဖုန်းလိုင်းအဝင်အထွက် ၃ လိုင်း နှင့် လိုင်းခွဲဖုန်း ၈ လိုင်းသာ တပ်ဆင်နိူင်မှာပါ ဒါကြောင့် CO-3Line/Extension8Line ထက်လိုအပ်လာပါက လိုအပ်ချက်အရ Extension Card များကို ထပ်မံတပ်ဆင်ရမှာဖြစ်ပါတယ် Extension Card များအနေနဲ့ကတော့ 2CO / 8 Extension 3CO / 8 Extension စသဖြင့် ဝယ်ယူတပ်ဆင်ရမှာဖြစ်ပါတယ် Main Unit နှင့် Extension Card များ အပြည့်တပ်ထားမှသာလျင် CO-8 Line / Extension 24 Line အသုံးပြုနိူင်မှာဖြစ်ပါတယ် Extension လိုင်းခွဲဖုန်းများ အထွက် Port များမှ မည်သည့် Port ကိုမဆို Operator ဖုန်းအတွက် စီမံ ပြောင်းလဲအသုံးပြုနိူင်ပါတယ် Operator ဖုန်းဆိုတာကတော့ အိတ််ချိန်းတစ်မှာ မရှိမဖြစ်လိုအပ်ပါတယ် သူကတော့ ဖုန်းလိုင်းများ စီမံခန့်ခွဲခြင်း နှင့် System Configuration ပြုလုပ်ရန် အဓိကကျသော အရာတစ်ခုဖြစ်နေလို့ပါပဲ ဒီ Operator ဖုန်းကနေ System Configure ပြုလုပ်နိူင်သလို ကွန်ပြူတာကနေလဲ System Configure ပြုလိုပ်နိူင်ပါတယ် ကွန်ပြူတာနှင့်ချိတ်ဆက်ပြီး အသုံးပြုမယ်ဆိုပါက Billing Software နဲ့လဲ အသုံးပြုလို့ရနိူင်မှာဖြစ်ပါတယ် Panasonic KX-TES824 တယ်လီဖုန်းအိတ်ချိန်းရဲ့ထူးခြားချက်တွေအနေနဲ့ကတော့ - CO8Line / Extension 24Line အများဆုံးအသုံးပြုနိူင်ခြင်း - အလိုအလျောက်ဖုန်းဖြေကြားနိူင်ခြင်း - အလိုအလျောက်လမ်းညွှန်ပေးနိူင်ခြင်း - မိမိစိတ်ကြိုက် အသံလမ်းညွှန်ကို အသံသွင်းထားနိူင်ခြင်း - Operator မအားလပ်ပါက အလိုလျောက် အခြားသော Extension ဖုန်းသို့လွဲပြောင်းပေးနိူင်ခြင်း - Department များအလိုက် Extension Group များခွဲထားနိူင်ခြင်း - ဖုန်းခေါ်ဆိုမှုများကို ကန့်သတ်ထားနိူင်ခြင်း တို့ပဲဖြစ်ပါတယ်

NAY LIN SI THU (SMART X)

 
 
 

Comments


© 2026 By Smart X (Peace Of Mind) Company Limited

  • Facebook
  • Youtube
bottom of page