Panasonic System Networks Vietnam
- SMART X Myanmar
- Aug 19, 2022
- 1 min read
Panasonic System Networks Vietnam Co.,Ltd ကို ၂၀၀၆ခုနစ် ဖေဖေါ်ဝါရီလ မှာ တည်ဆောက်ပြီးစီးခဲ့ပြီး ၂၀၀၆ခုနစ် အောက်တိုဘာမှာ စက်ရုံစတင်လည်ပတ်ခဲ့ပါတယ် စတုရန်း ဧရိယာ မီတာ ၁သိန်းရှိပြီး စတုရန်းဧရိယာ သုံးသောင်းကိုးထောင် ကို အသုံးပြု တည်ဆောက်ထားတဲ့ ကြီးမားတဲ့စက်ရုံကြီးတစ်ခုလည်းဖြစ်ပါတယ် စတင်ရင်းနှီးမြုပ်နှံငွေ အမေရိကန်ဒေါ်လာ ၅၅မီလီယမ် ရှိပါတယ်
တစ်နှစ်အတွင်းလုပ်ငန်းလည်ပတ်ရက်ပေါင်း ၂၅၈ ရက်ရှိပြီး ဝန်ထမ်းအင်အား ၂၇၆၇ ရောက်နှင့်လည်ပတ်ပါတယ် ဝန်ထမ်းအများစုကတော့ ပျမ်းမျှအသက် ၂၆ နှစ်ဝန်းကျင် လူငယ်များဖြစ်ပါတယ် အမျိုးသမီးဝန်ထမ်းအရေအတွက် ၉၀ရာခိုင်နူန်းရှိနေပါတယ်
PSNV အနေနဲ့ အဓိကထုတ်ကုန်အမျိုးစားတွေကတော့ Panasonic PBX, Doorphone, CPT, Oversea CPT, HD Com တွေပဲဖြစ်ပါတယ်

Panasonic နှင့် Vietnam ဆိုသည်မှာ Vietnam နိုင်ငံဟာ ၁၉၅၉ မှ ၁၉၇၅ ခုနစ်အထိ စစ်ပွဲဒဏ်ကိုခံစားခဲ့ရတဲ့နိုင်ငံဖြစ်ပါတယ် စစ်ပွဲကာလအတွင်း ၁၉၇၁ ခုနစ်မှာ Panasonic သည် Black & White TV များ Radio များကို Vietnam မှာ စတင်ထုတ်လုပ်ပါတယ် စစ်ပွဲပြီးဆုံးချိန်မှာတော့ ကိုယ်ပိုင်ပြန်လည်တည်ဆောက်ရေးမူများချမှတ်ခဲ့ပါတယ်
၁၉၉၅ ခုနစ်မှာ Vietnam ဟာအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပါတယ် ထိုအချိန် နောက်ပိုင်းမှာတော့ Panasonic သည် Color TV များ အဝတ်လျှော်စက် ရေခဲသေတ္တာ များ ကို Vietnam နိုင်ငံမှာ ထုတ်လုပ်ခဲ့ပါတယ် ၂၀၀၆ မှာတော့ ဆက်သွယ်ရေး ပစ္စည်းများထုတ်လုပ်သည့် ယခု PSNV ကို စတင်တည်ထောင် ကာ ယနေ့အချိန်ထိ အရည်အသွေးကောင်းမွန်သော Panasonic ဆက်သွယ်ရေးပစ္စည်းတွေကို Export ထုတ်ကုန်တစ်ခုအနေနဲ့ ထုတ်လုပ်ဖြန့်ချီပါတယ်
Panasonic ဆက်သွယ်ရေးထုတ်ကုန်တွေကို AIR SEA စသည်များနှင့်ဖြန့်ချီပါတယ် တရုတ်နှင့် အမရိကန်နိုင်ငံများအတွက် အတွက် Hongkong မှတစ်ဆင့် ပို့ဆောင်ဖြန့်ချီပါတယ် ဥရောပ အာဖရိက တိုက်များအတွက်ကိုတော့ စင်ကာပူ မှတစ်ဆင့် ဖြန့်ချီပါတယ်
အာဆီယံနိုင်ငံများကိုတော့ ကုန်းလမ်းမှပို့ဆောင်ကာ ထိုင်းနိုင်ငံ ဘန်ကောက်မှ တစ်ဆင့်ဖြန့်ချီပါတယ် ကျွန်တော်တို့မြန်မာနိုင်ငံကတော့ စင်ကာပူ တရုတ် ထိုင်း စတဲ့ သုံးနိုင်ငံကနေ တင်သွင်းမှုတွေပြုလုပ်ကြပါတယ်
PSNV ရဲ့ Policy ကတော့ရှင်းပါတယ် သူတို့ရဲ့ထုတ်ကုန်တွေအသုံးပြုတဲ့ စားသုံးသူ Customer တွေကိုပျော်ရွှင်အောင်လုပ်ပေးဖို့ပါပဲ
Buy - Happy by Choice Use - Happy by Good Quality Satisfy - Happy by Boast





Comments