Smart Home System
- SMART X Myanmar
- Aug 18, 2022
- 2 min read
သင်တို့ရဲ့အိမ်မှာ တံခါးတွေသော့ခတ်ခဲ့ရဲ့လား မီးလုံးတွေပိတ်ခဲ့ရဲ့လား မီးခလုပ်တွေပိတ်ခဲ့ရဲ့လား စတဲ့မေးခွန်းများစွာနဲ့ သင်အပြင်သွားတဲ့အခါ အိမ်နဲ့ဝေးကွာတဲ့ နေရာတစ်ခုရောက်နေတဲ့ အခါ မေးခွန်းထုတ်စရာတွေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါလိမ့်မည် ဒီမေးခွန်းတွေကို ဖြေရှင်းပေးဖို့နည်းလမ်းကတော့ IOT (Internet of Things) နည်းပညာကနေ Smart Home Product များကို အသုံးပြုခြင်းဖြင့် ဖြေရှင်းလာနေကြပါပြီ
IOT ကိုအခြေခံတဲ့ Smart Home System ဟာ သင့်အိမ်ရဲ့ မည်သည့် လျှပ်စစ်ပစ္စည်းမဆို အလိုအလျောက်ထိန်းချုပ်နိူင်သလို သင့်ထံသို့ အချိန်နဲ့တပြေးညီ သင့်အိမ်ရဲ့ အချက်အလက်တွေပေးပို့လာနိူင်ပါတယ် IOT နည်းပညာကိုအခြေခံပြီးဖြစ်ပေါ်ပြောင်းလဲတိုးတက်လာတဲ့ Smart Home System တွေကိုသိရှိမြင်တွေ့နိူင်ပါတယ်
လုံခြုံရေးစနစ်များတိုးတက်လာခြင်း မည်သူမဆို ကိုယ့်အိမ်ရဲ့ လုံခြုံမှုရှိနေမည်ဆိုပါက စိတ်ကျေနပ်မှုရစေမှာပါ ဒီအတွက်ကြောင့် မိမိတို့ရဲ့အိမ် မှာရှိနေတဲ့ တံခါးတွေကို IOT နည်းပညာသုံးပြီး အင်တာနက်ချိတ်ဆက်မှုများမှ တစ်ဆင့် တံခါးအပိတ်ဖွင့် များကို Smart Phone မှ ထိန်းချုပ်လာနိူင်ပါတယ် ဒါတင်မကသေးပါဘူး နည်းပညာသုံး လုံခြုံရေး CCTV များကိုလည်း Application တစ်ခုထဲကနေပြီး ကြည့်ရှူနိူင်သလို ဝင်ထွက်သွားလာခွင့်ရှိသူများကိုလဲ သတ်မှတ်ထားလို့ရနိူင်ပါတယ် ဒါတွေဟာ IOT ကိုအခြေခံပြီးတိုးတက်ပေါ်ပေါက်လာတဲ့ Smart Security System တွေပဲဖြစ်ပါတယ်
စွမ်းအင်ပမာဏကို ထိန်းသိမ်းခြင်းနှင့် ချိုးခြံချွေတာနိူင်ခြင်း နေ့စဉ်အသုံးပြုလျက်ရှိသော လျှပ်စစ်စွမ်းအင်ပမာ မီတာခကို အိမ်တိုင်းပေးဆောင်ရပါတယ် အိမ်တစ်အိမ်မှာရှိတဲ့ လျှပ်စစ်မီးလုံးများ မီးချောင်းများ ပန်ကာများ Aircon များကိုမလိုအပ်ပဲအသုံးပြုမှုများမှ ထိန်းချုပ်နိူင်ခြင်း အလိုအလျောက်အချိန်ဇယားများပြုလုပ်ပြီးအပိတ်အဖွင့် ပြုလုပ်ပေးခြင်းဖြင့် လျှပ်စစ်မီတာများစွာပေးဆောင်နေရခြင်းမှ ချိုးခြံချွေတာလာနိူင်ပါတယ်
Smart Home System အတွက် တပ်ဆင်မှုများ မတူကြပါဘူး သုံးစွဲမှုအရေအတွက်ပေါ်မူတည်ပြီး ကွဲပြားပါတယ် ကျွန်တော်တို့နေ့စဥ်သုံးစွဲနေတဲ့ အိမ်သုံး Fiber Inter FTTH မှ WiFi (Router) နှင့်ချိတ်ဆက်အသုံးပြုရသော Device များလည်းရှိသလို Zigbee Technology Wireless Device များလည်းရှိပါတယ် အသုံးများတာကတော့ WiFi Device များကိုအသုံးများကြသလို စျေးကွက်မှာအလွယ်တကူ ဝယ်ယူနိုင်လို့ပါပဲ
Zigbee ကိုတော့ IOT Devive များတဲ့နေရာတွေမှာအသုံးပြုရပါတယ်
WiFi Device ကတော့ရိုးရှင်းပါတယ် သင့်အိမ်မှာရှိနေတဲ့ WiFi Name (SSID)နဲ့ Password ကို Application မှတဆင့် မှန်ကန်တဲ့ Device Type ကိုရွေးချယ်ပြီး ချိတ်ဆက်လိုက်တာနဲ့စတင်အသုံးပြုလို့ရပါပြီ အဓိကလူသုံးများတဲ့ Device များအနေနဲ့ကတော့ WiFi ဖြင့်ချိတ်ဆက်နိုင်သော ကာလာစုံမီးလုံးများ မီးခလုတ်များ ကို ကျွန်တော်တို့နိုင်ငံမှာ အလွယ်တကူဝယ်ယူနိုင်ပါတယ် အွန်လိုင်းရှော့များမှာပင် လူကြိုက်များတဲ့ အရာတွေပဲဖြစ်ပါတယ်
Zigbee Wireless Technology ကတော့ Main Unit တစ်ခုလိုအပ်ပြီး Room Unit Freelocate, Multifunction Interface,Detection Unitများ,Sensor Unitများ, Remote Convertorများ,Lighting Switch များ, Curtain Swichများ နှင့် Dimmerများ ပါ၀င်ပါတယ်
Main Unit ကို အင်တာနက် ချိတ်ဆက်မှုပေးထားခြင်းဖြင့် သင့်ဖုန်းရဲ့ IOT Application ကနေ ဘာတွေလုပ်ပေးနိူင်လဲဆိုတော့ အင်တာနက်အသုံးပြုလို့ရသည့် သင်ဘယ်နေရာရောက်ရောက် သင့်အိမ်ကို Monitoring လုပ်နိူင်ပါတယ်
Monitoring လုပ်ခြင်းဖြင့် သင့်အိမ်ရဲ့ Room Temperature, မလိုအပ်ပဲဖွင့်ထားတဲ့ မီးခလုတ်များ အစရှိသည်တို့ကို သိရှိနိူင်ပါတယ် ဒီလိုသိရှိပြီဆိုရင် မလိုအပ်တဲ့ မီးခလုတ်တွေကို ပိတ်နိူင်သလို Aircon Unit များကို Application ကနေ Control ပြုလုပ်နိူင်ပါတယ်
လုံခြုံရေးအနေနှင့် တံခါးအဖွင့်အပိတ် Door Sensor များတပ်ဆင်ထားခြင်းဖြင့် မိမိတို့ရဲ့အိမ် အ၀င်အထွက် များကို အချိန်နဲ့တစ်ပြေးညီ Notification Alarm ကနေသိရှိနိူင်ပါတယ်
မိမိတို့အိမ်မှာရှိနေလျှင် လဲ သင်တို့ရဲ့ဖုန်းကနေ မိသားစု၀င်တွေဖြစ်တဲ့ သက်ကြီးရွယ်အိုများ ကလေးငယ်များရဲ့ အခန်းရှိ Room Temperature များ အေးနေသလား ဒါမဟုတ် အရမ်းပဲပူနေမလားကို မိမိတို့ရဲ့ဖုန်းကနေသိရှိနိူင်ပြီး Aircon Unit များကိုအတိုးအလျှော့ပြုလုပ်နိူင်ပါ ဒါတင်မကပဲ Remote Sensor ပါ၀င်သော TV များ နှင့်် အခြားသော Unit များအားလုံးကို 360Degree IR Convertor ကနေထိန်းချုပ်နိူင်ပါတယ်
မိမိတို့အိပ်နေတဲ့အချိန်မှာလဲ အိမ်ထဲသို့ လူ၀င်ရောက်မှု ရှိနေပါက အခန်းများမှာ Motion Sensor ကိုတပ်ဆင်ထားခြင်းဖြင့် ဘယ်အခန်းမှာလှုပ်ရှားမှုရှိနေလဲဆိုတာကို Alarm Notification ဖြင့်သိရှိနိူင်ပါတယ်
ရေတိုင်ကီများ ရေချိုးရာ bathtub များ ဘေစင်များ အစရှိတဲ့ နေရာများမှာ Water Leak Senor ကိုတပ်ဆင်ထားခြင်းဖြင့် သတ်မှတ် Water Level ရောက်ရှိခြင်းကို သိရှိပြီး ရေလျှံခြင်းများကိုစိုးရိမ်စရာမလိုတော့ပါဘူး Lighting Switch များ Dimmer Switch များကိုလည်း နေ့/ည အချိန်များအလိုက် Schedule များထားရှိကာ မီးအပိတ် အဖွင့် များကို အချိန်ပိုင်းအလိုက် ပြုလုပ်ကာထားရှိနိူင်ပါတယ် ဒီအတွက်ကြောင့်ညအချိန်ရောက်တဲ့အခါ အလိုအလျောက်မီးများလင်းလာမှာပဲဖြစ်ပါတယ်
IOT Application သည် မိသားစု၀င် တွေရဲ့ ဖုန်းများမှာ ထည့်သွင်းအသုံးပြုနိူင်ပါတယ် ဒါ့အပြင် မိဘများမှအပ အခြားသော သားသမီးများ ကိုလည်း Permission Level ခွဲပေးကာ အခြားသော Control များကို ခွင့်မပြုပဲ Lighting Switch များကိုသာထိန်းချုပ်ခွင့်ပြုလုပ်ထားနိူင်ပါတယ် Google Alexa Device မှနေပြီး Voice Control ဖြင့် ထိန်းချုပ် Control ပြုလုပ်နိူင်ပါတယ်
မြို့ပြလူနေမှုဘဝတွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ လျှပ်စစ်စွမ်းအင်သုံးစွဲမှုတွေဟာလဲ ပိုမိုများပြားလာနေပါတယ် အစိုးရမှ မီတာယူနစ်များကို IOT နည်းပညာများ အသုံးပြုပြီး မီတာယူနစ် များကို သိရှိနိူင်သလိုအိမ်တစ်အိမ်ရဲ့ လျှပ်စစ်သုံးစွဲမှုများကို မှတ်သားထားနိူင်ကာ တစ်လနှင့်တစ်လ မီတာသုံးစွဲမှုများကို သိရှိနိူင်ပြီး ဒီလမှာတော့ဖြင့် ယခင်လထက်ပိုများနေပြီ သို့မဟုတ် နည်းသွားပြီ ဒါမှမဟုတ် အစိုးရကပေးတဲ့ မီတာဘေလ်နဲ့ ကွာနေသည်များကို တွက်ချက်လာနိူင်အောင် နှင့် ပုံမှန် သုံးစွဲနေကြယူနစ်ထက်ကျော်လွန်ပါက Alarm Notification များပေးပို့လာနိူင်အောင် အဆင့်မြှင့်တင်လျက်ရှိပါတယ်
Air-con လား? ပန်ကာ လား? ရေပူရေအေး စက်လား? မီးဖိုချောင်က လျှပ်စစ်ဒယ်အိုးလား? ရေမော်တာလား? ဖုန်းတွေအားသွင်းထားလား? ပလပ်ထိုးထားတဲ့ မည်သည့် အိမ်သုံး လျှပ်စစ်ပစ္စည်းမဆို ဖွင့်ထားတာလား ပိတ်ထားတာလား ဘာတွေသုံးနေလဲ ဒါတွေအကုန် သိနိူင်မယ် အပိတ်/အဖွင့်လုပ်နိူင်မယ် အချိန် ဇယားနဲ့ အလိုအလျောက်အလုပ်လုပ်ခိုင်းမယ် Smart Home Device များသည် သင့်ရဲ့လူနေမှုဘဝကို သက်တောင့်သက်သာဖြစ်စေပြီး စိတ်ကျေနပ်မှုရရှိစေမှာအမှန်ပါ
NAY LIN SI THU (SMART X)






Comments