မည်သို့ပင်ဆိုစေကာမူ
- SMART X Myanmar
- Dec 17, 2025
- 1 min read
မည်သို့ပင်ဆိုစေကာမူ

ဖုန်း(၁)Call လာတယ် 09 မပါ Atom ဖုန်း
: အကို PABX စက်ရောင်းလားရှင့်
: ဟုတ်ဘယ်နှလိုင်းလိုတာလဲဗျ
: ဟိုဟာလေ Service ရောလုပ်ပေးလား ဖုန်းလိုင်းတွေမရတော့လို့ အရင်က အပြင်လိုင်းပြတ်နေတာ အခု အတွင်းလိုင်းတွေပါခေါ်မရတော့လို့
: ဟုတ်Service ပေးပါတယ်ဗျ စစ်ပေးပါတယ်
: အခုလာပေးလို့ရမလား
: အခုတော့မရဘူးဗျ ဒီနေ့ လှိုင်သာယာမှာ PABX Site လေးရှိလို့ပါဗျ
: ဟုတ်လား အခုအရေးကြီးလို့ရှင့် ဖုန်းတွေကတစ်လုံးမှခေါ်မရတော့လို့ ဗီယက်နမ်သံရုံးကပါ
: ဟုတ်ကဲ့ ဘယ်နေရာမှာလဲဗျ သံရုံးက
: ဗီယက်နမ်သံရုံးလေအကိုလှည်းတန်းမှာပါ
: ဟုတ်အဲတာဆို လှိုင်သာယာသွားရင်းဝင်ပေးလိုက်မယ်ဗျ
:ဟုတ်ကျေးဇူးပါ
: ဟုတ်ကဲ့ဗျ ကျေးဇူးပါခင်ဗျာ
စက်ကတော့ဘယ်စက်လဲမသိဘူးအကို
အကိုတို့ဝင်ကြည့်လိုက်ပါ
ရောက်ရှိစစ်ဆေး သော်
Panasonic TES824 1လုံးတွေ့ ဘာမှ မတပ်ထား ထပ်ရှာ နောက်တစ်လုံးတွေ့ရှိ စစ်ဆေးသော် ပါဝါ ပိတ်ထား ခလုတ်ဖွင့် အကုန်ကောင်း
: ရပါပြီ စမ်းကြည့်ပါအုံးဗျ
: တူ တူ တူ ဟယ်လို (Eလိုဘာညာ)
: ဟုတ်အကိုရပြီ ဘယ်လောက်ကျလဲရှင့်
Vietnam ကြီးရောက်လာ လာကြည့်ငွေထုတ်ကြီးကိုင်လာ
: ဟုတ် ၄သောင်းကျပါတယ်ဗျ
: ဟာအကို မနည်းဘူးလား ကားခရောယူအုံးလေ
Vietnam ကြီးကြည့်နေသည်
: ဟုတ်ရပါတယ်ဗျ ရုံးကမြောက်ဒဂုံကနေလာရတာရယ် စစ်ပေးတာရယ် အဲဒီလောက်ပဲကျသင့်ပါတယ်ဗျ
: Vietnam ကြီးနဲ့တော်ကီဖုတ် PABX လိုက်ပြ
ပါဝါပိတ်ထားကြောင်းရှင်းပြ CO Line ပြတ်နေကြောင်း MPT သို့ဆက်သွယ်သင့်ကြောင်းရှင်းပြ
ထိုစဉ် အကို ကြိုးလိုင်းမကောင်းတာလို့ပဲပြောပေးနော်တဲ့
: အော်ဟုတ်ဟုတ်လို့
အကိုတို့ကလဲတောင်းလို့ရတာပဲ တဲ့
ဟုတ် ရပါတယ်ဗျ ကျေးဇူးပါဗျ
မည်သို့ပင်ဆိုစေကာမူ ဖြစ်စဉ်ကိုရိုးသားစွာဖြင့် တန်ရာတန်ကြေးဖြင့်သာ Service ပေးခဲ့သည်
လုပ်ကွက်ကတော့ မသမာရင် အသပြာများများရမယ့်အနေထား
မည်သို့ပင်ဆိုစေကာမူ Smart X ဆိုတာ နာမည်တစ်လုံးနဲ့ရပ်တည်လာတာ ဂျင်းမထည့်ခဲ့လို့ပဲ
Vietnam သံရုံး PABX Service





Comments