top of page

လူတွေက ကိုယ်မကြားဘူးတဲ့အရာတွေအခေါ်ဝေါ်တွေပြောနေပြီဆို အရမ်းထင်ကြီးတတ်ကြတယ် >>>>

လူတွေက ကိုယ်မကြားဘူးတဲ့အရာတွေအခေါ်ဝေါ်တွေပြောနေပြီဆို အရမ်းထင်ကြီးတတ်ကြတယ် ဥပမာ ကျွန်တော်တို့ငယ်ငယ်တုန်းက ကျောင်းမှာ အမေရေလော်ဂရမ်သမ်ကြီးကျကွဲသွားလို့ လျော်ရမယ်တို့ ပေါ့ မိဘတွေအဖို့တော့ သူတို့မကြားဖူးမသင်ဖူးခဲ့ရတဲ့အခါ ကိုယ့်သားသမီးပြောလိုက်တဲ့စကားအပေါ် လျော်ရတော့မယ်ဆိုတဲ့စိတ်ရှိသလို သူတို့မကြားဘူးတဲ့အခေါ်ဝေါ်ကြားလိုက်ရတော့ သားသမီးကိုအထင်ကြီးမိတာကလည်းတွဲလျှက်ပါI အဲလိုပဲအချို့ဟာ လူတွေကိုအထင်ကြီးအောင် ကြားဖူးနားဝစကားလုံးတွေနဲ့ ပြောဆိုကြပါတယ် ပြောတော့ပြောလိုက်တာပဲ တကယ်တမ်းမှာတော့ ပြောတဲ့သူကိုယ်တိုင်ကမရှင်းနိုင်တာမျိုးတွေရှိတတ်ပါတယ် ကျန်တော်ဆိုလိုချင်တာကတော့ အဓိကဗဟုသုတပေါ့ဗျာ စာအုပ်စာပေလူ့မိတ်ဆွေ ဆိုတဲ့စကားကိုပယ်ဖျက်လို့မရပါဘူး စာပေဗဟုသုတရှိဖို့စာဖတ်ရပါတယ် တတ်ကျွမ်းသူတွေကပြောတဲ့စကားတွေကိုမှတ်သားရပါတယ် မှတ်သားယုံနဲ့မပြီးလေ့လာရပါတယ် ခေတ်စကားအရဆိုဂျင်းမိမှာဆိုးလို့ပါ ကိုယ်ကိုတိုင်လက်တွေ့ကျကျသိဖို့ကအရေးကြီးပါတယ် ယခုခေတ် အွန်လိုင်းမှာ ပစ္စည်းတစ်ခုဝယ်မယ်ဆိုပါက ကိုယ်ဝယ်ယူမယ့်ပစ္စည်း Brand တွေ ထုတ်လုပ်မှုတွေ အားသာချက် အားနည်းချက်တွေ အရင်လေ့လာသင့်ပါတယ် ကိုယ်နဲ့လုံးဝမဆိုင်တဲ့မသိတဲ့ပစ္စည်းဆိုပြီးမလေ့လာပဲမဝယ်သင့်ပါဘူး ဒါလေးပြောချင်တာပါ NAY LIN SI THU (SMART X)

ree

 
 
 

Comments


© 2026 By Smart X (Peace Of Mind) Company Limited

  • Facebook
  • Youtube
bottom of page