CCTV စကားစမြည်
- SMART X Myanmar
- Aug 18, 2022
- 1 min read
အရင်ဦးဆုံးပြောချင်တာကတော့ တင်ထားတဲ့ပုံက Just Fun ပါ
ကျနော်တို့ CCTV Service တွေ သွားရင်းလုပ်ရင်းနဲ့ မြင်တွေ့ရရှိလာတဲ့ အနေထားလေးတွေပါ အဓိကကတော့ သုံးစွဲသူ Customer များအတွက်ရေးသားခြင်းဖြစ်ပါတယ်
အခုပုံထဲမှာ တပ်ဆင်ထားတဲ့ outdoor CCTV ကိုသစ်ပင်တစ်ပင်မှာ တပ်ဆင်ထားတာ သင်တွေ့ရမှာပါ Outdoor CCTV ကို ဘာလို့များ အမိုးကာတပ်ထားပါလိမ့်ပေါ့ CCTV ကိုတပ်ဖြုတ်မှာဆိုး၍လား ရိုက်ဖြုတ်ခံရမှာဆိုး၍လားပေါ့ဗျာ တကယ်တော့ ကျနော်တို့အနေနဲ့ကတော့မလိုအပ်ဘူးလို့ထင်ပါတယ်
CCTV ကို သစ်ပင်မှာမှာပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်တပ်ဆင်လို့ရပါတယ် သို့သော် တပ်ဆင်မှု မှာ ပြသနာမရှိအောင်တပ်ဆင်ရပါမယ် CCTV တွေ ဘာကြောင့် ကြာကြာမခံလဲဆိုတာ တပ်ဆင်သူအပေါ်မှာ အများကြီးမူတည်ပါတယ်
အပြင်ဘက်ဧရိယာမှာ ဖြစ်တဲ့အတွက် Analouge System မှာ Connector များ DC Adaptor များကို ရေလုံ Box ထဲထည့်ပြီး မဖြစ်မနေသုံးရမှာပဲဖြစ်ပါတယ် ယခုလို ပလက်စတစ်ပတ် မီးတိပ်ပတ်ပြီး မိုးရေလေဖုန် တွေထဲထားတဲ့အခါ ဆွေးမြေ့ ပေါက်ပြဲကုန်ပါလိမ့်မယ် Power ကိုအခုပုံထဲကလို Main နေရာမှ AC 220 သုံးရတဲ့အနေထားမျိုးမှာ ပိုပြီး အန္တရာယ်ရှိနိုင်ပါတယ် ဝါယာရှော့ ဖြစ်တာမျိုးကနေ မီးဘေးကျရောက်နိုင်ပါတယ် အကယ်၍ရှော့မဖြစ်ပဲ ဓာတ်လိုက်နေပါမည်
အရင်ကတပ်ဆင်သွားတဲ့ ဆရာဘက်ကနေပြန်ကြည့်ရင်တော့ဘာတွေအခက်ခဲရှိခဲ့လဲမသိဘူးဗျ အချို့သော Customer တွေကလည်းချစ်တီးကျလွန်းတော့ ဖြစ်သလိုလုပ်ပေးခဲ့တာမျိုးရှိတတ်ပါတယ် ဘာပဲဖြစ်ဖြစ်ပါ တပ်ဆင်နည်းစနစ်တွေ စနစ်ကျဖို့ Installer မှ Customer ကို နားလည်စေဖို့ ကြိုးစားရမှာပါ
Customer များအနေနဲ့လည်း သုံးသင့်တာကိုသုံးပြီး ချွေတာသင့်တာကိုချွေတာကာ မဖြစ်မနေပါသင့်ပါအပ်သော Accessories များကို စစ်ဆေးထည့်သုံးသင့်ပါတယ် ယခုခေတ်အခါမှာတော့ တပ်ဆင်သူဝန်ဆောင်မှု အများစုရောင်းချနေတဲ့ CCTV package များထဲမှာတော့ ရေလုံboxများပါရှိနေပါပြီ အနည်းကျည်းလောက်သာ မပါနိုင်တာရှိကောင်းရှိပါလိမ့်မည်
စေ့စပ်သေချာတဲ့ စနစ်ကို လိုချင်ရင်တော့ ကျွမ်းကျင်တဲ့ဆီမှာ မိမိတို့ လူနေမှု ဘဝ အိုးအိမ် လုံခြုံရေးအတွက်အသုံးပြုရမည့် CCTV system ကို အပ်နှံပါ Facebook မှာ CCTV လုပ်ငန်း ပေ့ချ်ပေါင်းများစွာရှိပါတယ် လေ့လာပေးပါ ဝင်ရောက်ကြည့်ရှူပေးပါ အားလုံးထဲက တစ်ခုကိုတော့ စိတ်ဝင်စားကြိုက်နှစ်သက်မှာပါ ပစ္စည်းများကတော့ စျေးနူန်းတွေ ကွာလတီတွေ ကွာဟချက် အနည်းငယ်ရှိပါလိမ့်မည်
NAY LIN SI THU (SMART X)






Comments