Wireless IP CCTV ဘယ်လိုအလုပ်လဲ
- SMART X Myanmar
- Aug 18, 2022
- 1 min read

ဆိုတဲ့ပုံလေးပါ Customer အချို့ ကWireless လို့ပြောလိုက်ရင် Power ပိုင်းကိုမေ့သွားတတ်ကြတယ်ဗျ တကယ်တော့ Wireless IP CCTV ကို DC 12V 1.5 Amp အနည်းဆုံး ပေးထားရသေးတယ်ဗျ
DC Adaptor အတွက် AC 220 ရှိတဲ့ မီးပလပ်တစ်ခုရှိနေဖို့လိုပါမယ် အဲအတွက် Power Cable လိုပါမယ်
Wireless IP CCTV ကို ဘယ်လိုအကြောင်းကြောင့်ရွေးချယ်ရမလဲဆိုတော့ ဆောက်လုပ်ပြီးအဆောက်ဦး တွေမှာ CCTV အတွက် Cable ထပ်မဆွဲချင်တဲ့Customer တွေအတွက် အဆင်ပြေပါတယ်
Wireless IP CCTV တပ်ဆင်ရာနေရာ အနီးမှာမီးပလပ်ရှိနေရင် တပ်ဆင်ဖို့ အဆင်ပြေပါတယ်
အားနည်းချက်တစ်ခုကတော့ နှစ်ကြာရှည်စွာအသုံးပြုလာတဲ့အခါ Wireless Signal များကျသွားတတ်ပါတယ် သို့ပေမဲ့လည်း Wireless Signal ကျသွားတဲ့အခါ LAN Cable Ethernet Port - Network Switch များဖြင့်ဆက်လက်အသုံးပြုနိုင်ပါတယ်
Builtin WiFi ပါပြီးသား Wireless NVR နှင့် တွဲရက် Wireless CCTV များသည် Plug and Play ပါဝါပေးလိုက်တာနှင့် စတင်အသုံးပြုနိုင်ပါတယ်
Wireless NVR တစ်ခုရဲ့ Minimum WiFi range ကတော့ မီတာ ၄၀ (သို့) ပေ ၁၂၀ အကွာဝေး အတွင်းတပ်ဆင်နိုင်ပါတယ်
တပ်ဆင်လိုသူ Customer များ အတွက် ဗဟုသုတ အနေနှင့် ရေးသားပါသည် အားလုံးကိုကျေးဇူးတင်ပါသည်
NAY LIN SI THU (SMART X)





Comments