CCTV တပ်မယ်ဆိုရင် !
- SMART X Myanmar
- Aug 18, 2022
- 1 min read
Updated: Jan 28

ကိုယ်ကငွေကြေးဘယ်လောက်တတ်နိူင်လဲ ဘယ်လောက်သုံးမှာလဲ အရင်စဉ်းစားရပါမယ် လက်ရှိhot saleတွေအနေနဲ့က WiFi Cam တွေရှိမယ် Package အလိုက်တင်ထားတာတွေရှိမယ်ပေါ့ ဒါဆို Budget မသိရင်စပြီးခန့်မှန်းလို့ရပြီ
WiFi Cam တွေဆိုရင် တစ်လုံး သုံးသောင်းကျော်က(2019-2020 ကစျေးပါ) နေစဝယ်လို့ရမယ် နောက်ဆက်တွဲအနေနဲ့က SD Card တွေလိုမယ်
ပက်ကေ့ချ်တွေအနေနဲ့က အခုဆို ၂ လုံးနဲ့အထိုင်စက် ကနေစပြီး ၁၆လုံးအထိုင်စက် တပ်ဆင်ခအအပြီးစီး ပက်ကေ့ချ်တွေ အထိရှိမယ် ဈေးနူန်းတွေက အပြိုင်ဆိုင်ရှိမယ် အဲတာတွေထဲကမှ ရွေးချယ်လို့ရမယ်
ဒါတွေကလက်ရှိဈေးကွက်ပဲဖြစ်တယ်
ဟိုအရင်က CCTV တပ်မယ်ဆိုရင် တပ်ဆင်ပေးတဲ့ သူအနည်းအကျည်းသာရှိခဲ့တယ် တပ်ဆင်ပေးသူက လိုအပ်တဲ့ အရေအတွက်နဲ့အတိုင်းတာတွေကို ဆာဗေးတွက်ချက်ပြီး ကုန်ကျစရိတ်ကို အဆင်ပြေမှ တပ်ပြီးကုန်ကျစရိတ်ကိုပေးရတယ် ဒါက တကယ့်နေရာကြီးတွေ အိမ်တွေ ရုံးတွေမှာဖြစ်တယ်
အခုအခါမှာတော့ အိမ်နဲ့ဆိုင် တော်တော်များများကတော့ လက်ရှိ ပစ္စည်းလက်ခ အပြီးစီးပက်ကေ့ချ်များကိုပဲတပ်ကျတာများပါတယ်
ပက်ကေ့ချ်တွေကလည်း promotion တွေရန်ဖန်ရန်ခါ ချပေးကြပါတယ်
Facebook မှာ CCTV တပ်ဖို့ လိုက်ရှာတော့မယ် တပ်ဆင်တဲ့ သူတွေကအများကြီး Online Shop တွေကလည်းအများကြီး အဲတော့ စိတ်ဝင်စားတာတွေ့ပြီဆိုရင် History တွေကြည့်မယ် နေထိုင်ရာနဲ့နီးလားနေရာကြည့်မယ် After Sale Service အတွက်စိတ်ချရလားကြည့်မယ် တပ်ဆင်မှုသေသပ်လားစနစ်ကျလားလေ့လာရမယ်
CCTV Camera တစ်လုံးမှာပါဝင်တဲ့ စွမ်းဆောင်မှုအရည်အသွေးတွေက ကိုယ်လိုချင်တဲ့ အကျိုးသက်ရောက်မှုနဲ့တိုင်းတာရွေးချယ်နိုင်တယ်ဆိုတာကိုလဲထည့်တွက်ထားရမယ် စျေးသက်သာပြီး ပြီး ရုပ်ထွက်ကြည်တိုင်း အဆင်ပြေတယ်ဆိုရင်တော့ သာမန်လောက်2MP Analog HDCVI Package တွေနဲ့ပဲအဆင်ပြေပါတယ်
CCTV System မှာ Analog နဲ့ IP Systemနှစ်မျိုးရှိပါတယ် Analog System ထက် IP System ကပိုကောင်းတယ်ဆိုတာတော့သိထားရမယ် နောင်လာမည့်အနာဂတ်မှာ Analog နည်းပညာဟာ ဘယ်လောက်ပဲ Upgrade လုပ်လုပ် IP ကိုမှီနိုင်တော့မည်မဟုတ်ပါ စျေးနူန်းအနေနှင့်လည်း IP ကစျေးပိုကောင်းပိုကြီးပါတယ် နောင်အချိန်မှာတော့စျေးသက်သက်သာသာရလာနိုင်မှာပါ
နောက်နေ့တွေမှာ ဆက်လက်ရေးသားပါအုံးမည်
NAY LIN SI THU (SMART X)





Comments